Skip to content

Java Swing ဖြင့် ပထမဆုံး GUI Application ဖန်တီးခြင်း

Java Swing ကို အသုံးပြုပြီး ရိုးရှင်းတဲ့ GUI Application တစ်ခု ဖန်တီးနည်းကို အောက်တွင် ဖော်ပြထားပါသည်။ ဤexampleသည် Swing ၏ အခြေခံ component များကို အသုံးပြု၍ window တစ်ခုဖန်တီးကာ၊ ၎င်းအတွင်း text ကို ပြသပေးမည် ဖြစ်ပါသည်။

Code Example

java
import javax.swing.*;

public class HelloWorldSwing {
    public static void main(String[] args) {
        // JFrame သည် window တစ်ခုကို ကိုယ်စားပြုပါသည်။
        JFrame frame = new JFrame("Hello World Swing");

        // JLabel သည် text ကို ပြသရန် အသုံးပြုပါသည်။
        JLabel label = new JLabel("Hello, World!");

        // Label ကို frame ၏ content pane ထဲသို့ ထည့်ပါ။
        frame.getContentPane().add(label);

        // Frame ကို close လုပ်သောအခါ program ကို ရပ်ပါ။
        frame.setDefaultCloseOperation(JFrame.EXIT_ON_CLOSE);

        // Frame ၏ size ကို width 300 pixels နှင့် height 200 pixels အဖြစ် သတ်မှတ်ပါ။
        frame.setSize(300, 200);

        // Frame ကို မြင်အောင် ပြပါ။
        frame.setVisible(true);
    }
}

First Java Swing App

Code ရှင်းလင်းချက်

ဒီ code ထဲက အဓိက အစိတ်အပိုင်းတွေကို တစ်ခုချင်းစီ ရှင်းပြပါမယ်။

  1. JFrame

    JFrame ဟာ Java Swing မှာ window တစ်ခုလုံးကို ကိုယ်စားပြုတဲ့ class ဖြစ်ပါတယ်။ ဒီexampleမှာ "Hello World Swing" ဆိုတဲ့ ခေါင်းစဉ် (title) နဲ့ JFrame object တစ်ခုကို ဖန်တီးထားပါတယ်။

    java
    JFrame frame = new JFrame("Hello World Swing");
  2. JLabel

    JLabel ကတော့ Swing မှာ စာသားတွေကို ပြသဖို့အတွက် အသုံးပြုတဲ့ component ပါ။ ဒီexampleမှာ "Hello, World!" ဆိုတဲ့ စာသားကို ပြသဖို့ JLabel object တစ်ခုကို ဖန်တီးထားတာပါ။

    java
    JLabel label = new JLabel("Hello, World!");
  3. Content Pane

    JFrame ၏ content pane သည် window ၏ main area ဖြစ်ပြီး၊ အဲ့ဒီထဲကို Button တွေ၊ Textbox တွေလိုမျိုး တခြား component တွေကို ထည့်သွင်းနိုင်ပါတယ်။ ဒီနေရာမှာ JLabel ကို frame.getContentPane().add() method နဲ့ ထည့်သွင်းထားတာပါ။

    java
    frame.getContentPane().add(label);
  4. Window Close Operation

    setDefaultCloseOperation(JFrame.EXIT_ON_CLOSE) method ကတော့ window ကို ပိတ်လိုက်တဲ့အခါ program တစ်ခုလုံးကို ရပ်ဆိုင်းရန် သတ်မှတ်ပေးပါတယ်။ ဒီ setting ကို မထည့်ထားဘူးဆိုရင် window က ပိတ်သွားပေမဲ့ program က နောက်ကွယ်မှာ ဆက်ပြီး run နေမှာဖြစ်ပါတယ်။

    java
    frame.setDefaultCloseOperation(JFrame.EXIT_ON_CLOSE);
  5. Window Size

    setSize(int width, int height) method ကတော့ window ရဲ့ အရွယ်အစားကို သတ်မှတ်ပေး တာဖြစ်ပါတယ်။ ဒီexampleမှာ window ရဲ့ အကျယ်ကို 300 pixels၊ အမြင့်ကို 200 pixels အဖြစ် သတ်မှတ်ထားပါတယ်။

    java
    frame.setSize(300, 200);
  6. Window Visibility

    setVisible(true) method` သည် window ကို မြင်နိုင်အောင် ပြပေးပါသည်။ ဒီ method ကို ခေါ်မှသာ ကျွန်တော်တို့ ဖန်တီးထားတဲ့ window ဟာ screen ပေါ်မှာ တကယ်ပေါ်လာမှာ ဖြစ်ပါတယ်။

    java
    frame.setVisible(true);

TIP

  • JFrame: ဤ class သည် window တစ်ခုကို ကိုယ်စားပြုပါသည်။
  • JLabel: ဤ class သည် text ကို ပြသရန် အသုံးပြုပါသည်။
  • setDefaultCloseOperation(JFrame.EXIT_ON_CLOSE): window ကို close လုပ်သောအခါ program ကို ရပ်ပါလို့ ဆိုလိုတယ်။
  • setSize(int width, int height): window ၏ size ကို သတ်မှတ်တာပါ။
  • setVisible(true): window ကို မြင်နိုင်အောင် ပြပေးတာပါ။